မတ်လ ၂၁ ရက်နေ့၊ ကမ္ဘာ့ကဗျာနေ့မှာ ဗမာနိုင်ငံလုံးဆိုင်ရာ လူငယ် ကဗျာဆရာများ သမဂ္ဂ ( တောင်ကိုရီးယား) က ဦးဆောင်ပြီး တောင်ကိုးရီးယားနိုင်ငံ၊ ဘူဖျောင်းမြို့တို့မှာ ကဗျာရွတ်ပွဲ အခမ်းအနားကို ကျင်းပခဲ့ကြတယ်လို့ ဗလကသ ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ကမ္ဘာ့ကဗျာနေ့ ကဗျာရွတ်ပွဲ အခမ်းအနားမှာ နွေဦးတော်လှန်ရေးမှာ ကျဆုံးခဲ့တဲ့ ကဗျာဆရာတွေနှင့် အာဇာနည်သူရဲကောင်းတွေကို တမိနစ် ငြိမ်သက်အလေးပြုခဲ့ကြတယ်လို့သိရပါတယ်။
ကမ္ဘာ့ကဗျာနေ့ အခမ်းအနားမှာ နွေဦးတော်လှန်ရေးအတွင်း ကျဆုံးခဲ့တဲ့ ကဗျာဆရာ ခက်သီ၊ ကဗျာဆရာ ကေဇဝင်းနှင့် ကဗျာဆရာ ညီလင်းခ တို့ရဲ့ ကိုယ်ရေးအကျဥ်းတွေကို ဖတ်ကြားခြင်း၊ ကဗျာဆရာသုံးဦး၏ လှုပ်ရှားမှုများကို ရုပ်သံဖွင့်ပြခြင်းတွေနဲ့ ဂုဏ် ပြုခဲ့ကြတယ်လို့ သိရပါတယ်။
ကမ္ဘာ့ကဗျာနေ့ အခမ်းအနားမှာ ကိုရီးနိုင်ငံရောက် မြန်မာ ကဗျာဆရာတွေ၊ ကဗျာ ချစ်သူတွေက ကဗျာရွတ်ဆိုခဲ့ကြပြီး ပြည်တွင်းက ကဗျာဆရာတွေကလည်း Zoom မှ တဆင့် ကဗျာရွတ်ဆိုခဲ့ကြတယ်လို့ သိရပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ ကဗျာရွတ်ဆိုပွဲ အခမ်းအနားကို တောင်ကိုရီးယားဆိုင်ရာ အမျိုးသားညီညွတ်ရေးအစိုးရ ကိုယ်စားလှယ် ဦးရန်နိုင်ထွန်းနှင့် ကိုယ်စားလှယ်ရုံးတာဝန်ခံ ဦးဝင်းမောင်တို့လည်း တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။






