ဆူဏီးလ်
(မျက်မှောက်ခေတ် ကဗျာ)
ဆေးရုံက ဆင်းလာတော့
လမ်းမကြီးကမှောင်နေတယ်
လူတွေပွက်လောရိုက်နေတယ်
သေနတ်ကို
မိုးပေါ်ထောင်ထောင်ဖောက်တယ်
အရိပ်မည်းမည်းကြီးတွေ
လမ်းပေါ်တိုးတိုးတက်လာတယ်
အုတ်နံရံပေါ်လက်ရောက်သွားတော့
Do you want to fuck me?
ကောင်မလေးက
ကဒါဖီခြောက်ခဲ့တဲ့တစ္ဆေအကြောင်းပြောတယ်
ကောင်မလေးက
ကြွက်တွေလိုရှင်သန်နေထိုင်ခဲ့ရတဲ့
ဗုံးခိုကျင်းတွေအကြောင်းပြောတယ်
ကောင်မလေးက
လူတွေ အာဏာလုကြတဲ့အခါ
ငတ်မွတ်ခြင်းနဲ့ ပြည်တွင်းစစ်ဟာ
နိုင်ငံတစ်နိုင်ငံရဲ့ခေါင်းနဲ့ပန်းပဲလို့ပြောတယ်
နောက်ပြီး
သူဆက်ပြောတယ်
သူဆက်ပြီးပြောနေတယ်
သူ့စကားတွေဟာ ငါနဲ့နီးလိုက် ဝေးလိုက်
ငါဟာ ဗုံးခိုကျင်းတွေထဲပြေးပုန်းလိုက်
ငါဟာ ကြွက်တစ်ကောင်အဖြစ်နဲ့ မုဒိမ်းကျင့်ခံရလိုက်
ငါလည်းအိမ်ပြန်ချင်တာပါပဲကွာ
လမ်းတွေက ဝေးလွန်းတယ်
အိမ်တွေက မှောင်လွန်းတယ်
မှောင်ပေမယ့်
ငါတို့အိမ်ပဲပြန်ချင်တယ်။
#ဆူဏီးလ်
#မျက်မှောက်ခေတ်
#ကဗျာ
Photo – Clean Yangon






