စစ်မှုထမ်းဖို့ ဖိအားပေးနေတဲ့ အိမ်မဲမြို့နယ် ပုလဲ
ချောင်းရွာက အုပ်ချုပ်ရေးမှူး
အယ်ဒီတာ့ထံ ပေးစာ
ဧရာဝတီတိုင်း၊အိမ်မဲမြို့နယ်၊ပုလဲချောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဂျစ်တူး(ခ) ဦးခင်မောင်မြင့် နဲ့ ရာအိမ်မှူးတွေဖြစ်ကြတဲ့ ဦးအောင်မင်း၊ဒေါ်ရီရီထွေး တို့ဟာ ကျေးရွာထဲမှာ စစ်မှုထမ်းဖို့အတွက် ပြင်းပြင်းထန်ထန် ဖိအားပေး လုပ်ဆောင်လာကြပါတယ်။
အုပ်ချုပ်ရေးမှူး ဦးခင်မောင်မြင့်က စစ်မှုထမ်းဖို့ မဲပေါက်တဲ့သူတွေကို လူစားထိုးဖို့ လုပ်ဆောင်တယ်။လူစားထိုးဖို့အတွက်လဲ ငွေတောင်းတယ်။
အုပ်ချုပ်ရေးမှူး ဦးခင်မောင်မြင့်က အသက်၅၀ကျော်ပါပြီ။ သူက အာဏာမသိမ်းခင်ကတည်းက အုပ်ချုပ်ရေးမှူး ဖြစ်နေတာပါ။
အာဏာသိမ်းတုန်းကလဲ ရွာထဲမှာ အာဏာသိမ်းတာကို ပျော်လို့ ဝက်သားဟင်းကျွေးပြီး အောင်ပွဲခံကြတာမျိုးတောင် ရှိခဲ့ပါတယ်။
အိမ်မဲမြို့နယ် ပုလဲချောင်းကျေးရွာမှာ စစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီး အုပ်ချုပ်ရေးမှူး ၊ရာအိမ်မှူးတွေရဲ့ ဖိအားပေးလုပ်ဆောင်တာတွေကြောင့် ရွာသူရွာသားတွေမှာ စိုးရိမ်ထိတ်လန့်နေရတဲ့အကြောင်း မျက်မှောက်ခေတ် အယ်ဒီတာ့ထံပေးစာ ကဏ္ဍကနေတဆင့် ရေးသားပေးပို့လိုက်ပါတယ်။
ပြည်သူတဦး