Home > သတင်း > ဒေသတွင်းသတင်း > မြန်မာနိုင်ငံတွင် ပထမဦးဆုံး မွေးမြူရေးနှင့်ပတ်သက်တဲ့ GAHP အသိအမှတ်ပြု လက်မှတ်ထုတ်ပေး၊ မန္တလေးတိုင်းမှ ဥစာကြက်ခြံနှင့် ဝက်မွေးမြူရေးခြံ တို့ရရှိ

မြန်မာနိုင်ငံတွင် ပထမဦးဆုံး မွေးမြူရေးနှင့်ပတ်သက်တဲ့ GAHP အသိအမှတ်ပြု လက်မှတ်ထုတ်ပေး၊ မန္တလေးတိုင်းမှ ဥစာကြက်ခြံနှင့် ဝက်မွေးမြူရေးခြံ တို့ရရှိ

စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးဌာနကနေ ကောင်းမွန် သောမွေးမြူရေးအလေ့အကျင့်ကောင်းများ (GAHP – Good Animal Husbandry Practices) အသိအမှတ်ပြုလက်မှတ် ပေး အပ်ပွဲအခမ်းအနားကို အောက်တိုဘာ ၆ ရက် နံနက်ပိုင်းက မန္တလေးမြို့ တိုင်းဒေသကြီးဦးစီးမှုးရုံးမှာ ကျင်းပခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ပထမဆုံးသော မွေးမြူရေးအလေ့ကျင့်ကောင်းများ (GAHP – Good Animal Husbandry Practices) လက်မှတ်ကို မန္တလေးတိုင်းအတွင်းက ဥစားကြက်ခြံနှင့် ဝက်မွေးမြူရေးခြံနှစ်ခြံကို အသိအမှတ်ပြုလက်မှတ် ထုတ်ပေးခဲ့တာပါ။ GAHP လမ်းညွှန်ချက်တွေအတိုင်းလိုက်နာ ပြင်ဆင်ပြီး မွေးမြူလို့ အသိအမှတ်ပြုလက်မှတ်ထုတ်ပေးတာဖြစ်ပြီး လက်မှတ်ခြံတွေက ထုတ်ကုန်တွေမှာ သီးသန့်စျေးကွက်မရှိသေးပေမယ့် နောင်မှာ စျေးကွက်တောင်းဆိုမှုတွေ၊ ပို့ကုန် အရည်အသွေးထောက်ခံချက်တွေ တောင်းဆိုလာရင် အဆင်သင့်ဖြစ်နေအောင် ပြင်ဆင်ထုတ်လုပ် မွေးမြူရတာဖြစ်တယ်လို့ ဥစားကြက်ခြံ GAHP လက်မှတ်ရ ခြံပိုင်ရှင်တစ်ဦးက ပြောပါတယ်။

“မွေးမြူရေး အလေ့အကျင့်ကောင်း လမ်းညွှန်ချက်တွေအတိုင်း မွေးမြူရေးခြံ၊ အစာ၊ ရေ၊ ခြံအုပ်ချုပ်မှု ၊ ကျန်းမာရေးစီမံခန့်ခွဲခြင်း၊ တိရစ္ဆာန်အခွင့်အရေးသယ်ဆောင်ခြင်းနှင့် သိုလှောင်ရုံမှတ်တမ်းတွေကို စနစ်တကျရေးသွင်းထားတာတွေကို စစ်ဆေးခံရပါတယ်။ ခြံပိုင်ရှင် အနေနှင့်လည်း ထုတ်လုပ်မှု ပို ကောင်းလာတယ်။ ဇီဝလုံခြုံရေးအပိုင်းကိုလည်း ထိန်းသိမ်းပြီးသားဖြစ်သွားပါတယ်။ လက်ရှိမှာ စူပါမားကတ်တွေမှာ အသားရောင်းချတာ နည်းနေသေးလို့ပါ။ နောက်ပိုင်းမှာ စူပါမားကတ်တွေမှာ ဒီလိုအသားထုတ်ကုန်တွေကို တောင်းဆိုမှုတွေ ဖြစ်လာချိန်မှာ ဒီလိုလက်မှတ်ရခြံတွေက အခွင့် အလမ်းတစ်ခုဖြစ်လာမှာပါ။ စားသုံးသူတွေ အတွက်လည်း ဘေးကင်းလုံခြံတဲ့ စားသောက်ကုန် တစ်ခုဖြစ်လာမယ်။ အနာဂါတ်မှာ မွေးမြူရေးထုတ်ကုန်တွေက ပို့ကုန်လုပ်ငန်းအဆင့်ထိ ဖြစ်လာတော့မှာပါ။ အဲ့ဒီအချိန်မှာ ဒီလိုလက်မှတ်ရခြံတွေများလာရင် နိုင်ငံခြားပို့ကုန်လုပ်ငန်းတွေ အတွက် လက်မှတ်ရ ခြံတွေက အဆင့်သင့်ဖြစ်လာမှာပါ။ ဒီလက်မှတ်ကို ကြက်၊ ဝက်၊ နွား၊ ဆိတ်၊ မွေးမြူရေးခြံတွေ လျှောက်ထားနိုင်ပါတယ်။”လို့ GAHP လက်မှတ်ရ ဉစားကြက်ခြံပိုင်ရှင် ဒေါက်တာ ကျော်ထင်က ပြောပါတယ်။

မန္တလေးတိုင်းအတွင်း ဥစားကြက်မွေးမြူရေး ကောင်းမွန်သော မွေးမြူရေးကျင့်စဉ် အသိအမှတ်ပြုလက်မှတ်ကို Mandalay Livestock Development Co.,Ltd (Egg Mandalay) က ရရှိပြီး ဝက်မွေးမြူရေး ကောင်းမွန်သောမွေးမြူရေးကျင့်စဉ် အသိအမှတ်ပြုလက်မှတ်ကို Katec in Myanmar Co.,Ltd တို့က ရရှိခဲ့ပါတယ်။ ဒီလက်မှတ်က မြန်မာနိုင်ငံမှာ ပထမဦးဆုံးသော မွေးမြူရေးနှင့်ပါတ်သက်တဲ့ GAHP အသိအမှတ်ပြုလက်မှတ်ထုတ်ပေးတာဖြစ်ကာ လက်မှတ်သက်တမ်း တစ်နှစ်ရှိတယ်လို့ သိရပါတယ်။ တခြားသော ကောင်းမွန်တဲ့ စိုက်ပျိုးရေးအလေ့အကျင့်ကောင်း (GAP) လက်မှတ်တွေကိုတော့ တိုင်းနှင့် ပြည်နယ်အလိုက် စိစစ်ကာ ထုတ်ပေးနေတာတွေ ရှိနေပါတယ်။

ရွှေနွယ်ကြိုး

error: Content is protected !!