းတိုက်ခိုက်မှုကြောင့် အသက်ကိုးနှစ်အရွယ် ကလေးအပါအဝင် အရပ်သား ၄ ဦးသေဆုံးပြီး ၉ ဦးထိခိုက်ဒဏ်ရာရရှိကာ ဒဏ်ရာရသူတွေထဲက ၄ ဦးဟာ ဒဏ်ရာပြင်းထန်တယ်လို့ ကနဦးသိရပါတယ်။
ဒဏ်ရာရရှိတဲ့သူတွေကို ဆေးကုသမှုပြုလုပ်ပေးနိုင်ကြောင်းသာ ကနဦးသိရှိရပြီး သေဆုံးထိခိုက်သူတွေရဲ့ အခြေအနေကို မျက်မှောက်ခေတ်က မေးမြန်းနေဆဲဖြစ်ပါတယ်။
စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် နတ်ကောင်းကျင်းကျေးရွာက နေအိမ် ၇ လုံးထက်မနည်း မီးလောင်ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။
အာဏာသိမ်းစစ်တပ်က ဇွန် ၂၇ ရက်နေ့ ညနေပိုင်းမှာ ဆောမြို့နယ်က နတ်ကောင်းကျင်းနှင့် ရင်းကဲကျေးရွာကို လေကြောင်းတိုက်ခိုက်ခဲ့ပြီး အဆိုပါနေရာတွေမှာ တိုက်ပွဲဖြစ်ပွားတာ မရှိဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ မေလလယ်ပိုင်းကစ ယောဒေသတောင်ပိုင်းကို ခြေကုပ်ယူပြီး ချင်းတောင်ပိုင်းကို စစ်ကြောင်းထိုးနေတာကြောင့် ယောဒေသတောင်ပိုင်းမှာလည်း စစ်ရေးရှုပ်ထွေးနေတာပါ။
ယောဒေသတောင်ပိုင်း၊ ဆောမြို့နယ်၊ လောင်းရှည်မြို့နားက လမ်းပိုင်းတွေကို သွားလာတာမလုပ်ဖို့ ၊ စစ်တပ်စခန်းရှိတဲ့နေရာအနီးဝန်းကျင်မှာ မနေထိုင်ကြဖို့ကို ဂန့်ဂေါခရိုင် တပ်ရင်း (၆) က ဇွန် ၂၄ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကြောင်းတွေကြောင့် ဆောမြို့ပေါ်နှင့် ဆောမြို့နယ်က ပြည်သူသောင်းဂဏန်းဟာ ဘေးလွတ်ရာကိုတိမ်းရှောင်နေကြရတာ နှစ်လနီးပါးရှိပြီဖြစ်ပြီး အကူအညီတွေလည်း လိုအပ်နေဆဲဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။






