Home > သတင်း > တရားဉပဒေစိုးမိုးရေး > ကလေးမြို့နယ်လူထုရဲ့ နှင်းဆီလှုပ်ရှားမှု

စစ်ကိုင်းတိုင်း၊ ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီက ပြည်သူလူထုနဲ့ ပူးပေါင်းပြီး ဇွန် ၁၉ ရက်နေ့မှာ ကျရောက်တဲ့ ပြည်သူလူထုခေါင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်ပြည့် မွေးနေ့ နှင်းဆီလှုပ်ရှားမှုပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။
ကလေးမြို့သပိတ်ကော်မတီနဲ့ ကလေးလူထုဟာ ဇွန် ၁၈ ရက်နေ့ကလည်း အမေစု မွေးနေ့အကြို နှင်းဆီလှုပ်ရှားမှုပြုလုပ်ခဲ့ကြသလို လူထုပါဝင်မှုအားလည်းကောင်းတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
” ကလေးမြို့ပေါ်မှာဆိုလည်း သံချပ်ကာကားတွေ၊ လှည့်ကင်းပတ်ကင်းတွေ၊ ကျေးလက်မှာဆိုလည်း စကစ စစ်ကြောင်းတွေ ထိုးတဲ့အခြေအနေမှာ၊ ကလေးဒေသခံပြည်သူတရပ်လုံးအနေနဲ့ နှင်းဆီလှုပ်ရှားမှုမှာ ကျနော်တို့လေးစားအားကိုယ်းရတဲ့ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့လှုပ်ရှားမှုမှာ ပါဝင်ကြတယ်” လို့ ကလေးလူထုသပိတ်ကော်မတီဝင် တစ်ဦးက မျက်မှောက်ခေတ်ကို ပြောပါတယ်။
ကလေးမြို့နယ်မြောက်ပိုင်းမှာ ခုဇွန်လအတွင်း အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကြောင်းကြောင့် ဒေသခံသောင်းချီပြီး စစ်ဘေးရှောင်နေကြရသလို ကလေးမြို့နယ်တောင်ပိုင်းမှာလည်း စစ်တပ်က ကျေးရွာအချို့မှာ စစ်တပ်က တပ်ထိုင်ထားတာကြောင့် ပြည်တွေဟာ စစ်ဘေးရှောင်နေကြရတာ တစ်နှစ်နီးပါးရှိပြီဖြစ်ပါတယ်။
စစ်တပ်ရဲ့ စစ်ကြောင်းကြောင့် ဘေးဒုက္ခတွေကို ရင်ဆိုင်နေကြရတဲ့ကြားက အာဏာသိမ်းစစ်တပ်က မတရားဖမ်းဆီးထားတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ နှင်းဆီလှုပ်ရှားမှုမှာ ပါဝင်ကြတာဟာ ပြည်သူတွေရဲ့နှလုံးသားထဲမှာ အမေစု ဟာ အမြဲရှိနေလို့ဖြစ်တယ်လို့ ကလေးဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
Photo – ကလေးမြို့လူထုတိုက်ပွဲဦးဆောင်သပိတ်

error: Content is protected !!