စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် ကျေးရွာ ဆေးခန်းလေကြောင်းဗုံးကြဲတိုက်ခိုက်ခံရပြီး ဆေးကုသမှုခံယူနေသူ ၃ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
“လောလောဆယ် အလောင်း ၃ လောင်းတွေ့တယ်၊ လေယာဉ်ကလည်း ထပ်ပြီး ဝဲနေတုန်းပဲ၊ဘာမှ လုပ် မရသေးဘူး”လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။
ဘုတလင်မြို့နယ် ရွာ ၂ ရွာကို စစ်ကော်မရှင်တပ်က ဒီကနေ့မတ်လ ၃၀ ရက် နေ့လယ် ၁၂ နာရီ ၅၀ မိနစ် ၀န်းကျင်အချိန်မှာ လေကြောင်းတိုက်ခိုက်မှုပြုလုပ်သွားတယ်လို့ သိရပါတယ်။
ဂျက်တိုက်လေယာဉ် ၂ စီးနဲ့လေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်တယ် လို့ သိရပါတယ်။
ဘုတလင်နယ်အတွင်းမှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲမြို့နဲ့ အနီးဆုံးက အိမ်ခြေထောင်ချီရှိတဲ့ ကျေးရွာကြီးတွေကို လေကြောင်း တိုက်ခိုက်သွားတာလို့လည်း ဒေသခံတွေက ပြောပါတယ်။






