စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ မတ်လဆန်းကနေ ဒီကနေ့ မတ်လ ၃၀ ရက်နေ့အထိ စစ်ကော်မရှင်စစ်ကြောင်းက အရပ်သား လူနေအိမ် ၁၆၁ အိမ်ကို မီးရှို့ဖျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကော်မရှင်စစ်ကြောင်းဟာ ပုလဲမြို့နယ်အတွင်းက သာယာကုန်းရွာ ၊ တလိုင်းကန်ရွာ ၊ ချင်ပြစ်ကျင်းရွာ ၊ သရက်ကန်ရွာ ၊ မြောက်ပိတောက်ကုန်းရွာနဲ့ မုံသွင်ရွာစတဲ့ ရွာပေါင်း ၆ ရွာက လူနေအိမ်တွေ မီးရှို့ဖျက်စီးခဲ့တယ်လို့ဆိုပါတယ်။
“ပုလဲနယ်မှာ စစ်ကော်မရှင်စစ်ကြောင်းက ရွာပေါင်းခြောက်ရွာကို မီးရှို့ခဲ့တာရှိတယ်။ လူနေအိမ် တစ်ရာ ခြောက်ဆယ် တစ်အိမ် မီးလောင်ပျက်စီးသွားတယ်။ ရွာတွေကို စစ်ကြောင်းထိုးပြီး မီးရှို့သွားတာ။ ဒရုန်းနဲ့ မီးလောင်ဗုံးသီးကြဲချလို့ အိမ်တွေ မီးလောင်တာတွေရောပါတယ်” လို့ ပုလဲနယ်ဒေသခံတစ်ဉီးက ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၅ ရက်နေ့က စစ်ကိုင်းတိုင်း ယင်းမာပင်မြို့အနီးက မြို့ပေါ်ရွာနဲ့ပြောင်းပြာရွာကို စစ်ကော်မရှင်တပ်က မီးရှို့ခဲ့တာကြောင့် အရပ်သားလူနေအိမ် ၁၀၀ နီးပါး မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
စစ်ကော်မရှင်စစ်ကြောင်းဟာ ပုလဲမြို့နယ် ချင်ပြစ်ရွာမှာ တပ်စွဲနေရာယူထားတာ တလပြည့်တော့မှာဖြစ်သလို စစ်ကော်မရှင်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေအကြား နှစ်ဖက်စစ်ရေးတင်းမာနေတယ်လို့ သိရပါတယ်။
ပုံစာ – ပုလဲမြို့နယ် မုံသွင်ရွာကလူနေအိမ်တွေ မီးလောင်နေမှုကို တွေ့ရစဉ်။ ( Photo – အညာမြေပုလဲ )






