Home > သတင်း > တရားဉပဒေစိုးမိုးရေး > စစ်ကိုင်းတိုင်း၊ ခရိုင် ၅ ခုအတွင်းက ဂိတ်တွေ မနက်ဖြန် နောက်ဆုံးထား ပိတ်သိမ်းရမည်

စစ်ကိုင်းတိုင်း၊ ခရိုင် ၅ ခုအတွင်းက ဂိတ်တွေ မနက်ဖြန် နောက်ဆုံးထား ပိတ်သိမ်းရမည်

စစ်ကိုင်းတိုင်း၊ ခရိုင် ၅ ခုအတွင်းက ဂိတ်တွေဖေဖော်ဝါရီလ ၂၈ ရက်နေ့ နောက်ဆုံးထား ပိတ်သိမ်းရမည်ဖြစ်ပြီး လိုက်နာမှုမရှိတဲ့ ဂိတ်တွေကို အမျိုးသားညီညွတ်ရေးအစိုးရက ပြဌာန်းထားတဲ့ တည်ဆဲဥပဒေအရ အရေးယူသွားမယ်လို့ သိရပါတယ်။

အဲဒိလို ဂိတ်တွေ ပိတ်သိမ်းတဲ့အထဲမှာ ရေကြောင်းဂိတ်တွေလည်း ပိတ်သိမ်းရမှာဖြစ်ပြီး ဂိတ်တွေဖွင့်လှစ် အလှုခံနေတာဟာ ပြည်သူလူထုကို ဝန်ထုတ်ဝန်းပိုးဖြစ်စေတာကြောင့် အခုလို ပိတ်သိမ်းခိုင်းရတာလို့ သိရပါတယ်။

“PDF က ဖွင့်တဲ့ဂိတ်တွေလည်း ပိတ်ရမယ်။ Local PDF တွေ ဖွင့်ထားတဲ့ဂိတ်တွေရော ပကဖက ဖွင့်ထားတဲ့ ဂိတ်တွေရော အကုန်လုံး ဂိတ်တွေပိတ်ခိုင်းတာ ” လို့ မျက်မှောက်ခေတ်သတင်းရင်းမြစ်က ပြောပါတယ်။

မနက်ဖြန် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ဂိတ်တွေအားလုံးပိတ်သိမ်းရမယ့် ခရိုင်တွေကတော့ စစ်ကိုင်းခရိုင် ၊ မုံရွာခရိုင် ၊ ယင်းမာပင်ခရိုင် ၊ ကန့်ဘလူခရိုင်နဲ့ ရွှေဘိုခရိုင်တို့ ဖြစ်ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်းတွေ ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)တွေနဲ့ Local PDF တွေအနေနဲ့ မိမိတို့ တပ်ရင်း / တပ်ဖွဲ့အတွက် ရိက္ခာ၊ လက်နက် ၊ ခဲယမ်း ၊ ကျည်စတာတွေလိုအပ်ချက်တွေရှိပါက အထက်အဆင့်ဆင့်ကို တင်ပြတောင်းခံနိုင်တယ်လို့လည်း သိရပါတယ်။

error: Content is protected !!