Home > သတင်း > စစ်ရေး > ကနီမြို့နယ်၊ သမင်ခြံရွာ လေကြောင်းတိုက်ခိုက်ခံရပြီး အရပ်သား ၄ ဉီးထိခိုက်သေဆုံး

ကနီမြို့နယ်၊ သမင်ခြံရွာ လေကြောင်းတိုက်ခိုက်ခံရပြီး အရပ်သား ၄ ဉီးထိခိုက်သေဆုံး

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ သမင်ခြံရွာကို စစ်ကောင်စီတပ်က စက်တင်ဘာလ ၂၃ ရက်နေ့မှာ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၄ ဦးထိခိုက်သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“လေကြောင်းနဲ့ တိုက်ခိုက်သွားတာ။ ရွာသား လေးဦးသေဆုံးတယ်။ တိရစ္ဆာန်တွေလည်း သေတာရှိတယ်။” လို့ ကနီမြို့နယ်ဒေသခံတစ်ဉီးက ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၃၁ ရက်နေ့ကလည်း သမင်ခြံရွာကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံအမျိုးသမီးတစ်ဦး သေဆုံးခဲ့ပါသေးတယ်။

ကနီမြို့နယ်အတွင်းက နေရာအချို့ကို စစ်ကောင်စီတပ်တွေက အခုလအတွင်း စစ်ကြောင်းထိုးဝင်ရောက်နေပြီး နေအိမ်မီးရှို့တာ၊ အရပ်သားဖမ်းဆီး သတ်ဖြတ်တာတွေကိုလည်း ပြုလုပ်နေတာပါ။

နိုင်ငံအတွင်းက မြို့နယ်အချို့ကို စစ်ကောင်စီတပ်က ဇူလိုင်လ ၃၁ ရက်နေ့ ရက်စွဲနဲ့ စစ်အုပ်ချုပ်ရေးကြေငြာခဲ့ရာမှာ ယင်းမာပင်ခရိုင်အတွင်းမှာရှိတဲ့ ကနီမြို့နယ်နှင့် ပုလဲမြို့နယ်လည်း ပါဝင်ထားပါတယ်။

မျက်မှောက်ခေတ်

error: Content is protected !!