Home > Uncategorized > လူငယ်နဲ့ အိမ်မက် (အပိုင်း-၁)

လူငယ်နဲ့ အိမ်မက် (အပိုင်း-၁)

လူငယ်နဲ့ အိမ်မက် (အပိုင်း-၁)

နောင်ချို

(မျက်မှောက်ခေတ်)

စစ်မှုထမ်းဥပဒေကြောင့် အိပ်မက်ကို စွန့်ခဲ့လွှတ်ခဲ့ရတဲ့လူငယ်။ အာဏာသိမ်းစစ်ကောင်စီက နိုင်ငံသားတိုင်း မဖြစ်မနေစစ်မှုထမ်းရမယ့် ပြည်သူ့စစ်မှုထမ်းဥပဒေကို စတင်ကျင့်သုံးတော့မယ်လို့ ကြေညာလိုက်တဲ့အပေါ်မှာ မိဘတွေ၊ ကျောင်းသား လူငယ်တွေ အပါအဝင် အများပြည်သူအကြားမှာ အတော်လေး လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားခဲ့ကြပါတယ်။

အဲ့ဒီထဲမှာ မှရန်ကုန်မြို့မှာနေထိုင်နေတဲ့ ကျော်ကျော်(အမည်လွှဲ)ဆိုတဲ့ လူငယ်တစ်ယောက်ဟာ ဖုန်းကုမ္ပဏီတစ်ခုမှာ အလုပ်လုပ် နေရင်း ကိုရီးယားနိုင်ငံကို သွားဖို့ ကိုရီးယားဘာသာစကားသင်တန်း‌‌ တက် ရောက် နေသူပါ။

သူဟာ အမေတစ်ခုသားတစ်ခုပါ။အသက် ၁၈နှစ်ကနေ ၃၅နှစ် အရွယ်ထိရှိတဲ့ လူငယ်တွေကို ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့ တွေက အိမ်တိုင်ရာ‌ရောက် စာရင်း ကောက်ခံတဲ့အခါမှာ ကျော်ကျော်လဲ စာရင်းထဲ ယာယီဆိုပြီး ထည့်သွင်းခံခဲ့ရပါတယ်။

အဲ့တုန်းက သူကယာယီဆိုတော့ စိုးရိမ်စိတ်ရှိပေမဲ့ သူ့ရဲ့အိမ်မက်ဖြစ်တဲ့ ကိုရီးယားနိုင်ငံသွားဖို့ကိုပဲ သူကြိုးစားနေခဲ့ပါတယ်။

တစ်ရက်မှာတော့ မမျှော်လင့်ဘဲ သူ့အိမ်ကို စစ်မှုထမ်းဖို့ ဆင့်ခေါ်စာ ရောက်လာခဲ့ချိန်မှာတော့ အိမ်မှာတစ်ယောက်ထဲကျန်ခဲ့တဲ့ အမေဖြစ်သူက သူ့သားလေးတွက် စိုးရိမ်ထိတ်စွာနဲ့ အတွေးပေါင်းများစွာ တွေးနေခဲ့ပါတယ်။

ဒီချိန်ဒီကာလကြီးမှာ ကလေးတွေကို ဘာမှမသိဘဲ ရှေ့တန်းပို့တာ၊ ရိက္ခာတွေသယ်ခိုင်းတာ၊ မိုင်းကွင်းတွေဖြတ်ခိုင်းတာတွေကို လုပ်ဆောင်ခိုင်းမှာကို စိုးရိမ်‌နေကြတဲ့ မိဘ တွေအများကြီးရှိပါတယ်။

ညနေ ရုံးဆင်းချိန်အိမ်ပြန်လာတဲ့ ကျော်ကျော်တစ် ယောက် သူ့မိခင် စိတ်ဓာတ်ကျပြီး ထိုင်နေတာ တွေ့တော့ အမေ ဘာဖစ်လို့လဲ မေးကြည့်တဲ့ခါ စစ်မှုထမ်း‌‌ဖို့ဆင့် ခေါ်စာ ရောက်လာ ကြောင်းတွေ့သွားချိန်မှာ ကျော်ကျော် ရဲ့ ကိုရီးယားအိပ်မက်ဟာပျက်စီးသွားခဲ့ပါတယ်။

မြန်မာနိုင်ငံအတွင်းမှာလဲ စစ်မှုမထမ်းချင်တဲ့ လူငယ် ‌ တွေဟာအ ကြောင်းအမျိုးမျိုးနဲ့ ပြည်ပထွက်ခွာဖို့နည်းလမ်းမျိုးစုံနဲ့ ကြိုးစားနေချိန်မှာ ရန်ကုန်အပြည် ပြည်ဆိုင်ရာ လေဆိပ်ရဲ့ ဌာနဆိုင်ရာ အစုံပါဝင်တဲ့ အထူး စောင့်ကြည့်ရေး အဖွဲ့တစ်ခုက ပြင်ပထွက်ခွာခွင့် ကန့်သတ်မှုတွေ စတင်လုပ်ဆောင်လာတာ တွေ့ရတဲ့အပြင် စစ်မှုထမ်းဖို့ ညပိုင်း‌တွေမှာ ပေါ်တာဆွဲတာ  ဧည့်စာရင်းကောက်ပြီး တစ်ခါထဲခေါ်သွားတာတွေ ရှိလာနေပါတယ်။

ကျော်ကျော်တစ်ယောက် ကိုးရီးယားအိမ်မက်ကို
မေ့လိုက်ပြီးလက်နက်ကိုင်ပြီး ကိုယ့်နိုင်ငံသားအချင်းချင်း တိုက်ခိုက်ဖို့ ရှေ့တန်းသွားရမယ့် အခြေအနေကနေ အမြန်လွတ်မြောက်ဖို့ ဘာမှပြင်ဆင်ချိန်မရဘဲ အမေဖြစ်သူရဲ့ ခွင့်ပြုချက်နဲ့ မလေးရှာနိုင်ငံကို တရားမဝင်နည်းလမ်းနဲ့ သွားဖို့  ဆုံးဖြတ်ခဲ့ပါတော့တယ်။

#နောင်ချို

Credit photo.

error: Content is protected !!