ဖတ်ရှုခံစားခြင်း
ချစ်ခြင်းမေတ္တာကို မျှော်ရသည်
လွှားအောင်(စစ်ကိုင်း)
တရုတ်ပြည်ရဲ့ လူနေမှုစနစ် နဲ့ တရားစီရင်ရေး ဟန်မကျပုံကို သရော်ရေးဖွဲ့ထားသော မူရင်းတရုတ်စာရေးဆရာ ဟာ့ကျင်းရဲ့ Waiting ကို ဆရာတင်မောင်မြင့်က ဘာသာပြန်ရေးဖွဲ့ထားခြင်းပင်ဖြစ်သည်။
သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်း လေးမှာ ဆရာ၀န်လင်းကောင်းက သူ့အရင်မယားကိုကွာပြီး သူ့ရည်းစားသူနာပြုမလေး မာနာ၀ူးနဲ့ လက်ထပ်ဖို့ ကြိုးစားသည် တရားခွင်မှာကွာရှင်းဖို့လုပ်တိုင်း မိဘပေးစားလို့ယူခဲ့ရတဲ့ သူ့ဇနီး ရှူးယုက အမြဲကွာမပေး သည်လိုနဲ့ ၁၈နှစ်ကြာသွားသည်။
ဥပဒေအရ အတူ၁၈နှစ်မနေရင် သဘောမတူလည်းကွာလို့ရသည် ထို့ကြောင့် ၁၈နှစ်ကြာမှ သူ့ရည်းစားနဲ့လက်ထပ်ခွင့်ရသည်။
၁၈နှစ်ကြာကြိုးစားပြီး ရလာတဲ့အိမ်ထောင်ရေးက ပျော်ရွှင်မှုရရဲ့လား တောမှာနေပြီး သူ့မိဘတွေကို ဂရုစိုက်ပေးခဲ့တဲ့ဇနီးသည်ဟောင်းရှူးယုအပေါ်မှာရော သူတရားခဲ့ရဲ့လား ဘယ်သူကမျှော်နေခဲ့ရလဲ။
မျှော်လင့်တဲ့ အတိုင်းဖြစ်လာခဲ့ရဲ့လား မျှော်လင့်တကာ့မျှော်လင့်ရတဲ့အထဲမှာ ချစ်ခြင်းမေတ္တာကို မျှော်ရသည်က ပိုဆိုးမည်ထင်ပါသည်။
ဖခင်တစ်ဦးရဲ့ မေတ္တာ ကိုယ့်ခင်ပွန်းသည်ရဲ့ မေတ္တာကို မျှော် နေရတဲ့ တောသူမလေး ရှူးယု နဲ့သူ့သမီးလေးဟွာ။ အိမ်ထောင်သည်ကို ကြိုက်မိပြီး လက်ထပ်ဖို့အရေး ၁၈နှစ် မျှော်ခဲ့ရတဲ့သူနာပြုမလေးမာနာ၀ူး မျှော်တဲ့အတိုင်း ဖြစ်လာတဲ့ တစ်ချိန်ချိန်ရောက်လာတဲ့အခါ တကယ်ရော ပျော်စရာကောင်းမှာလား။
-မျှော်
-တင်မောင်မြင့်
-မူရင်း HAJIN
#လွှားအောင်(စစ်ကိုင်း)