Home > သတင်း > တိုင်းရင်းသားကဏ္ဍ > ခန္တီးတွင် နာဂအမျိုးသားပါတီက အင်အားပြလှည့်လည်စည်းရုံး

ခန္တီးတွင် နာဂအမျိုးသားပါတီက အင်အားပြလှည့်လည်စည်းရုံး

စစ်ကိုင်းတိုင်းဒေသကြီး ချင်းတွင်းမြစ်အထက်ပိုင်း ခန္တီးမြို့တွင် ဒေသခံတိုင်းရင်းသားပါတီတစ်ခုဖြစ်တဲ့ နာဂအမျိုးသားပါတီက နိုဝင်ဘာလ ၄ ရက်နေ့မှာ ခန္တီးမြို့နှင့် အနီးပတ်ဝန်းကျင်တွေကို အင်အားပြ လှည့်လည်မဲဆွယ်ခဲ့ကြပါတယ်။ ဒီမဲဆွယ်ပွဲမှာ ပါတီရဲ့ ကိုယ်စားလှယ်လောင်းတွေလည်း ပါဝင်ပြီး မဲဆွယ်ခဲ့တာဖြစ်ကာ နာဂါအမျိုးသားပါတီအနေနဲ့တော့ ခန္တီးမြို့မှာ ပထမဆုံးအကြိမ်အဖြစ် အင်အားပြ မဲဆွယ်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒီနေ့ပြုလုပ်တဲ့ ပါတီကိုယ်စားလှယ်လောင်း မိတ်ဆက်တာနှင့် အင်အားပြလှည့်လည်မဲဆွယ်ရာမှာတော့ တိုင်းရင်းသားဝတ်စုံဝတ်ဆင်ထားကြတဲ့ သူတွေက ကား၊ ဆိုင်ကယ်တွေနဲ့ စီတန်းကာ ဇီးဖြူကုန်း ရိုးရာအားကစားကွင်းကနေ ခန္တီးတံတား ဆင်သေရွာထိ လှည့်လည်အင်အားပြခဲ့ကြတာပါ။ ရွေးကောက်ပွဲမှာ နာဂအမျိုးသားပါတီအနေနဲ့ စစ်ကိုင်းတိုင်းအတွင်း ၁၄ နေရာနှင့် ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်တွင် ၁ နေရာ ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ အဲဒီနေရာတွေထဲမှာ အမျိုးသားလွှတ်တော် ၁ နေရာ၊ ပြည်သူ့လွှတ်တော် ၄ နေရာနှင့် ကျန်နေရာတွေကတော့ တိုင်းနှင့် ပြည်နယ်လွှတ်တော် နေရာတွေပဲဖြစ်ပါတယ်။

နိုဝင်ဘာလ ၃ ရက်နေ့ကတော့ NLD ပါတီကနေ ခန္တီးမြို့မှာ ဒုတိယအကြိမ်အဖြစ် အင်အားပြ မဲဆွယ်တာတွေ ပြုလုပ်ခဲ့ပါသေးတယ်။

သတင်း- လွင်မင်း(မျက်မှောက်ခေတ်)၊ ဓာတ်ပုံ-ခန္တီးမာန်

error: Content is protected !!