Home > သတင်း > ကျန်းမာရေး > စစ်ကိုင်းတိုင်းဒေသကြီးမှာ မြို့နယ်အချို့ မဲဆွယ်စည်းရုံးမှုတွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ယာယီရပ်နား

စစ်ကိုင်းတိုင်းဒေသကြီးမှာ မြို့နယ်အချို့ မဲဆွယ်စည်းရုံးမှုတွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ယာယီရပ်နား

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့မှာ ကိုဗစ်ကူးစက်ခံနေရတဲ့ အတည်ပြုလူနာတွေ တိုးလာနေတာကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက သူတို့ရဲ့ မဲဆွယ်စည်းရုံမှုတွေကို ယာယီရပ်နားလိုက်ပါတယ်။ အခုလိုမဲဆွယ်စည်းရုံမှုတွေကို ယာယီရပ်နားခဲ့ရတာက ဗစ်ကူးစက်ရောဂါ ပြန့်ပွားမှုနှုန်း မတိုးပွားလာစေရေးအတွက် ရည်ရွယ်တာဖြစ်ပါတယ်။ ပါတီက မဲဆွယ်စည်းရုံမှုတွေကို ယာယီရပ်နားခဲ့ပေမယ့် ပါတီကိုထောက်ခံကြတဲ့ အုပ်စုတွေကတော့ အုပ်စုဖွဲ့ လှည့်လည်မဲဆွယ်မှုတွေလည်း ရှိနေပါသေးတယ်။

“ရောဂါအခြေအနေက တိုးတိုးလာလို့ ကျနော်တို့က မဲဆွယ်စည်းရုံးရေးကို မထွက်တော့တာ။ စက်တင်ဘာလအကုန် ကျနော်တို့ရဲ့မဲဆွယ်စည်းရုံးမှုတွေကို ရပ်နားလိုက်တာ။ ကိုဗစ်ရောဂါကူးစက်မှုကို မတိုးလာစေရေးအတွက် ရည်ရွယ်ပြီးတော့ နားလိုက်တာ။ ကျနော်တို့ကိုယ်စားလှယ်လောင်းတွေ ထွက်ရင်လည်း လူစုလူဝေးဖြစ်သွားမှာကိုး။ ဒီရောဂါ မဖြစ်အောင် ကျနော်တို့ကလည်း မထိန်းနိုင်ဘူးလေ။ ကိုယ့်ရဲ့မဲဆန္ဒရှင်တွေကို နားလည်အောင်ပြောရတာပေါ့။”လို့ ပုလဲမြို့နယ်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဉီးဇော်ထက်က ပြောပါတယ်။

မဲဆွယ်စည်းရုံးမှုကို ပထမဉီးဆုံးရပ်နားခဲ့တဲ့မြို့နယ်က ကောလင်းမြို့နယ်ဖြစ်ပြီး အဲဒီမြိုနယ်မှာ ရန်ကုန်ကနေ နေရပ်ကိုပြန်လာတဲ့ အမျိုးသားတစ်ဉီးဆီကနေ ကိုဗစ်ကူးစက်ရောဂါပိုး တွေ့ရှိခဲ့တာပါ။ ဒါ့အပြင် ကသာခရိုင်အတွင်းက ထီးချိုင့်မြို့နယ်၊ အင်းတော်မြို့နယ်၊ ကသာမြို့နယ် တို့အပြင် တိုင်းအတွင်းက မြို့နယ်တွေဖြစ်တဲ့ ဘုတလင်မြို့နယ်၊ တန့်ဆည်မြို့နယ်၊ ကနီမြို့နယ်တွေကလည်း မဲဆွယ်စည်းရုံမှုတွေကို တစ်ပတ်ကြာရပ်နားထားပါတယ်။ မုံရွာမြို့နယ်မှာတော့ ပါတီကိုထောက်ခံကြတဲ့ မိဘပြည်သူတွေအနေနဲ့ ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာနက ညွှန်ကြားချက် စည်းကမ်းချက်တွေနဲ့အညီ လှုံဆော်စည်းရုံးပေးကြဖို့ စက်တင်ဘာလ ၁၆ ရက်နေ့ ရက်စွဲနဲ့ စာထုတ်ပြန်ထားပါတယ်။ စက်တင်ဘာလ ၁၆ ရက်နေ့ မနက်ပိုင်းကလည်း အနှေးယာဉ်လုပ်သားတွေက စီတန်းလှည့်လည်တာတွေ ပြုလုပ်ခဲ့ပါသေးတယ်။

error: Content is protected !!