Home > သတင်း > ဒေသတွင်းသတင်း > စစ်ကိုင်းတိုင်းအတွင်း မှုခင်းကျဆင်းရေးနှင့် လုံခြုံရေးတို့အတွက် မြို့ ၆ မြို့မှာ CCTV ကင်မရာအလုံး ၁၇၀ ကျော်တပ်ဆင်။

စစ်ကိုင်းတိုင်းအတွင်း မှုခင်းကျဆင်းရေးနှင့် လုံခြုံရေးတို့အတွက် မြို့ ၆ မြို့မှာ CCTV ကင်မရာအလုံး ၁၇၀ ကျော်တပ်ဆင်။

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရရဲ့ အစီအစဉ်နဲ့ တိုင်းအတွင်းက မြို့ ၆ မြို့မှာ မှုခင်းကျဆင်းရေး၊ လုံခြုံရေးတို့အတွက် CCTV အလုံးရေ ၁၇၆ လုံးကို တပ်ဆင်နေတာပါ။ CCTV တွေကို စစ်ကိုင်းမြို့ နေရာ ၈ နေရာမှာ ၃၁ လုံး၊ မုံရွာမြို့ နေရာ ၁၃ ခုမှာ ၅၁ လုံး၊ ရွှေဘိုမြို့ နေရာ ၁၀ ခုမှာ ၃၉ လုံး၊ တမူးမြို့ နေရာ ၃ ခုမှာ ၁၃ လုံး၊ ကလေးမြို့ နေရာ ၆ ခုမှာ ၂၅ လုံးနှင့် ကသာမြို့ နေရာ ၃ ခုမှာ ၁၃ လုံးတို့ကို တပ်ဆင်သွားမှာပါ။ CCTV ကင်မရာတပ်ဆင်ခြင်းနှင့် Command and Control Center တည်ဆောက်ခြင်း (Phase 1) အတွက် တိုင်းဒေသကြီးအစိုးရ ရန်ပုံငွေကျပ်သန်း ၆၀၀ နဲ့ ရတနာပုံ ဖိုက်ဘာဆားဗစ်ကုမ္ပဏီက တာဝန်ယူတပ်ဆင်နေတာပါ။ ဖိုက်ဘာကေဘယ်တွေကိုတော့ TCL ကုမ္ပဏီက လှုဒါန်းတာဖြစ်တယ်လို့သိရပါတယ်။ လက်ရှိမှာ မြို့ ၆ မြို့ထဲက မုံရွာ၊ ကလေး၊ တမူး စတဲ့ မြို့တွေမှာ တပ်ဆင်ပြီးဖြစ်ကာ အခြေအနေတွေကိုလည်း အစိုးရအဖွဲ့က ဩဂုတ်လ ၁၄ ရက်နေ့မှာ အစိုးရရုံးမှာ တည်ဆောက်ထားတဲ့ ထိန်းချုပ်ကွပ်ကဲရေးရုံးခန်းကနေ ကြည့်ရှုစစ်ဆေးခဲ့တယ်လို့ တိုင်းအစိုးရရဲ့ တရားဝင် လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။ ကျန်နေသေးတဲ့ မြို့တွေကိုလည်း အမြန်ဆုံး အကောင်အထည်ဖော်ဖို့ ဝန်ကြီးချုပ်က ညွှန်ကြားခဲ့သေးတယ်လို့ သိရပါတယ်။ အခုလို တိုင်းအတွင်းက အချက်အချာကျတဲ့ မြို့ကြီးတွေမှာ CCTV ကင်မရာတွေ တပ်ဆင်လိုက်တာက မှုခင်းကျဆင်းရေး၊ တရားဉပဒေစိုးမိုးရေး၊ လုံခြုံရေး စတဲ့ကိစ္စတွေမှာ တိုးတက်ကောင်းမွန်လာမှာဖြစ်တယ်လို့လည်း ယူဆထားကြပါတယ်။

#CCTV #စစ်ကိုင်းတိုင်း #လုံခြုံရေး #တရားဉပဒေစိုးမိုးရေး #မျက်မှောက်ခေတ်

error: Content is protected !!