Home > သတင်း > မှုခင်း > မုံရွာမြို့နယ်တွင် Safe Guard အပူလွန်ကဲလို့ နေအိမ် ၅ လုံး မီးလောင်ကျွမ်းမှု ဖြစ်ပွား။

မုံရွာမြို့နယ်တွင် Safe Guard အပူလွန်ကဲလို့ နေအိမ် ၅ လုံး မီးလောင်ကျွမ်းမှု ဖြစ်ပွား။

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ရေကန်စုကျေးရွာတွင် ရေခဲသေတ္တာ Safe Guard အပူလွန်ကဲရာက ဝါယာရှော့ခ်ဖြစ်ပြီး နေအိမ် ၅ လုံး မီးကူးစက်လောင်ကျွမ်းမှု သြဂုတ်လ ၇ ရက်နေ့ မနက်ပိုင်းက ဖြစ်ပွားခဲ့ပါတယ်။ ရေကန်စုကျေးရွာနေ ဒေါ်ဝင်းနု နေအိမ်က မီးစတင်လောင်ကျွမ်းခဲ့ပြီး သွပ်မိုး၊ ကပ်ကာ၊ ပျဉ်ခင်း ၂ ထပ်အိမ် ၄ လုံးနှင့် တစ်ထပ်အိမ် ၁ လုံး စုစုပေါင်း နေအိမ် ၅ လုံး မီးကူးစက်လောင်ကျွမ်းခဲ့တာပါ။ မီးလောင်မှုကို မီးငြိမ်းသတ်ယာဉ် ၄ စီး၊ ရေသယ်ယာဉ် ၃ စီး၊ မီးသတ်တပ်ဖဲ့ွဝင် ၂၀ ဦးနှင့် ရဲတပ်ဖဲ့ွဝင်တွေ၊ အရန်မီးသတ်တပ်ဖဲ့ွဝင်တွေ၊ ဒေသခံပြည်သူတွေ ဝိုင်းဝန်းကာ အချိန်တိုအတွင်း မီးငြိမ်းသတ်နိုင်ခဲ့ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း မီးလောင်မှုအကြိမ်ရေ ၁၉၀ ရှိခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ်သန်းပေါင်း ၆၈၀ ကျော်ဆုံးရှုံးခဲ့ကာ အဲဒီထဲမှာ လျှပ်စစ်မီးကြောင့် ၃၈ ကြိမ်ထိ လောင်ကျွမ်းခဲ့ပါတယ်။

error: Content is protected !!